သွေးချိုဆီးချိုရှိသူများဖျားနာရင်လုပ်ဆောင်ရန်အချက်များ
Manage episode 443290526 series 3605191
ဆီးချိုရှိတဲ့လူတစ်ယောက်ဖျားနာရင်လုပ်ဆောင်ရန်တွေကတော့
(၁)ဆီးချိုဆေးတွေဆက်သောက်ရမယ်
ဖျားနာချိန်မှာသွေးချိုကပုံမှန်ထက်မြင့်တက်နိုင်သောကြောင့်နေ့စဥ်သောက်သုံးနေရတဲ့ဆီးချိုဆေးတွေကိုဆက်လက်သောက်သုံးပေးရပါမယ်။
(၂)သွေးတွင်းသကြားဓာတ်ကိုမကြာမကြာစစ်ဆေးပေးပါ
ဖျားနေချိန်မှာသွေးတွင်းသကြားဓာတ်ကို၃နာရီခြားတစ်ခါ(သို့)၄နာရီခြားတစ်ခါသွေးချိုတိုင်းပေးပါ။
(၃)ကိုယ်အလေးချိန် ချိန်ပေးပါ။
အလေးချိန်ကျသွားမယ်ဆိုရင်ဒါကသွေးတွင်းသကြားဓာတ်မြင့်တက်နေတယ်ဆိုတဲ့လက္ခဏာပါ။
(၄)အဖျားတိုင်းပါ။
ကိုယ်တွင်းမှာအဖျားရှိနေတာကရောဂါတစ်ခုခုခံစားရတော့ မယ်ဆိုတာပြသနေတာဘဲဖြစ်ပါတယ်။
(၅)ပြည့်ပြည့်ဝဝအနားယူရပါမယ်။
(၆)အဖျားမဖြစ်အောင်ကာကွယ်ရပါမယ်။
ဘယ်လိုကာကွယ်ရမလဲဆိုရင်တော့ လက်ကိုသန့်စင်စွာဆေးကြောပါ။ အာဟာရပြည့်ဝအောင်စားသုံးပါ။ အိပ်ရေးဝဝအိပ်ပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ပါ။ ကာကွယ်ဆးထိုးပေးရပါမယ်ရှင်။
114 حلقات