HbA1c(၃လပျမ်းမျှဆီးချို)
Manage episode 443290527 series 3605191
HbA1c ကို glycated haemoglobin A1c လို့လည်းခေါ်ပါတယ်။ သွေးနီဥထဲရှိ အောက်စီဂျင်သယ်ဆောင်တဲ့ ဟေမိုဂလိုဘင် လေးတွေမှာ glucose လို့ခေါ်တဲ့ သကြားဓာတ် ကပ်ညှိတာကို HbA1c လို့ခေါ်ပါတယ်။ သွေးချိုဆီးချိုရှိသူများအနေနဲ့ မိမိရဲ့ သွေးတွင်းသကြားဓာတ်ကို ဘယါလောက်ထိန်းညှိနိုင်လဲ သိဖို့ HbA1c ကို စစ်ဆေးပေးဖို့လိုပါတယ်။ HbA1c နေ့စဥ်လက်ထိပ်ဖောက်စစ်တဲ့ သွေးတွင်းသကြားဓာတ်ပမာနဲ့ မတူပါဘူး။ လက်မောင်းကနေ သွေးနမူနာယူရလေ့ရှိပြီး ပြီးခဲ့တဲ့ ၂လ သို့မဟုတ် ၃လအတွင်း ပျမ်းမျှ သွေးတွင်းသကြားဓာတ်ကို ဖော်ပြပေးတာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အရ
- ၄၂ mmol/mol (၆%) အောက်ကို ပုံမှန်လို့သတ်မှတ်ပါတယ်။
- ၄၂-၄၇ mmol/mol (၆%-၆.၄%) ကိုတော့ ကနဦးဆီးချိုလို့သတ်မှတ်ပါတယ်။
- ၄၈ mmol/mol (၆.၅ %)နှင့် အထက်ကိုတော့ သွေးချိုဆီးချိုလို့သတ်မှတ်ပါတယ်။
114 حلقات