ပူပြင်းလှတဲ့ နွေရာသီမှာ အဖြစ်များတဲ့ အပူဒဏ် (Heatstroke)
MP3•منزل الحلقة
Manage episode 443290522 series 3605191
المحتوى المقدم من Health@Home. يتم تحميل جميع محتويات البودكاست بما في ذلك الحلقات والرسومات وأوصاف البودكاست وتقديمها مباشرة بواسطة Health@Home أو شريك منصة البودكاست الخاص بهم. إذا كنت تعتقد أن شخصًا ما يستخدم عملك المحمي بحقوق الطبع والنشر دون إذنك، فيمكنك اتباع العملية الموضحة هنا https://ar.player.fm/legal.
Heatstroke ဘာကြောင့်ဖြစ်တတ်သလဲ?
- ပူပြင်းလွန်းသော နေအပူအောက်တွင် အကြာကြီးနေခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာပြုလုပ်ခြင်း
- ထူထဲလွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်း
- ရေလုံလောက်စွာမသောက်ခြင်း
- အရက်သေစာသောက်ခြင်း
- အသက်အရွယ် ကြီးလွန်းခြင်း၊ ငယ်လွန်းခြင်း
Heatstroke ရဲ့ လက္ခဏာများ
- ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်း (၄၀ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၁၀၄ဒီဂရီဖာရင်ဟိုက် ရှိခြင်း)
- ပျို့ခြင်း အန်ခြင်း
- အရေပြားနီမြန်းလာခြင်း
- အသက်ရှုမြန်၊ နှလုံးခုန်မြန်လာခြင်း
- တက်ခြင်း၊ အာရုံဝေဝါးခြင်း၊ စကားပြော မူမမှန်တော့ခြင်း
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
ဘယ်လိုကာကွယ်ရမလဲ?
- ရေလုံလောက်စွာသောက်ပါ
- လေဝင်လေထွက်ကောင်းပြီး ပွပွရွရွ အဝတ်အထည်များကိုဝတ်ဆင်ပါ။ အေးမြစေသော ပိတ်စ (ဥပမာ-ချည်သား) များကိုရွေးချယ်ဝတ်ဆင်ပါ။
- အလွန်ပူသော နေ့ရက်များတွင် ပြင်းပြင်းထန်ထန်လှုပ်ရှားခြင်းမှ ရှောင်ကြဥ်ပါ။
- နေပူထဲထွက်လျှင် ဦးထုပ်၊ ထီး ဆောင်းပါ။ ဖြစ်နိုင်လျှင် နေရောင်ကာခရင်မ် လိမ်းပါ။
- ကားထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်လေးများကို အလုံပိတ်မထားခဲ့ပါနှင့်။
120 حلقات